သင်သိပါသလား?
ကျွန်တော်တို့ဟာ မိမိကိုယ်ကို အရောင်တွေနဲ့ ဖော်ပြနိုင်ပါတယ်။ ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ အရောင်တွေ၊ ဒီဇိုင်း စိတ်ကူးစိတ်သန်းတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေ၊ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကအတွေ့အကြုံတွေ၊ ယဉ်ကျေးမှုတွေအားလုံးကို ကိုယ်စားပြုပြီး ချိတ်ဆက်ပေးထားပါတယ်။
ကျွန်တော်တို့ Digital Dots မှာတော့ Brand တွေကို Customersတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ Visual Idea တွေကို အရောင်တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုပါတယ်။ လူကြီးမင်းတို့ လုပ်ငန်းမှာ အရောင်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ အတွက် အရောင်တစ်ခုချင်းစီနဲ့ သူပေးစွမ်းဖော်ပြနိုင်တဲ့ emotion တွေကို ဖော်ပြပေးလိုက်ပါတယ်။
အနီရောင်
အနီရောင်ကိုတော့ စိတ်အားထက်သန်တဲ့အခါ၊ အရေးကြီး အလျင်လိုတဲ့အခါ၊ ဆွဲဆောင်တဲ့အခါ၊ သတိပေးတဲ့အခါနဲ့ အားပေးတဲ့အခါမျိုးတွေမှာ သုံးလေ့ရှိပါတယ်။
EMOTIONS
- စိတ်လှုပ်ရှားမှု( Excitement)
- စွမ်းအားကြီးမှု (Energy)
- စိတ်ပြင်းပြမှု (Passion)
- သတ္တိရှိမှု (Courage)
- ဆွဲဆောင်နိုင်မှု (Attention)
INDUSTRIES
- Entertainment
- အစားအသောက်လုပ်ငန်း
- အားကစား
- ကလေးအသုံးပြု အသုံးအဆောင်များ
- မီးသတ်လုပ်ငန်း
လိမ္မော်ရောင်
လိမ္မော်ရောင်ကိုတော့ စိတ်အားထက်သန်တဲ့အခါ ၊ ပျော်ရွှင်စရာတွေ ဖန်တီးတဲ့အခါ၊ ဆွဲဆောင်တဲ့အခါ၊ လွတ်လပ်မှုကို ဖော်ပြတဲ့အခါ ၊ attention ရယူတဲ့အခါတွေမှာ သုံးပါတယ်။
EMOTIONS
- အကောင်းမြင်မှု (Optimistic)
- အမှီအခိုကင်းမှု( Independent)
- စွန့်စားလိုမှု( Adventurous)
- တီထွင်ဖန်တီးနိုင်မှု( Creativity)
- ပျော်စရာ (Fun)
INDUSTRIES
- အနုပညာ
- Entertainment
- အစားအသောက်လုပ်ငန်း
- အားကစား
- သယ်ယူပို့ဆောင်ရေး
အဝါရောင်
အဝါရောင်ကိုတော့ လှုံ့ဆော်တဲ့အခါ၊ အပန်းဖြေတဲ့အခါ၊ နိုးကြားစေတဲ့အခါ၊ ခွန်အားဖြည့်ပေးတဲ့အခါ၊ စိတ်အားတက်ကြွတဲ့အခါမျိုးမှာ သုံးပါတယ်။
EMOTIONS
- စိတ်အားထက်သန်မှု (Enthusiasm)
- အခွင့်အလမ်း ( Opportunity)
- ပျော်ရွှင်မှု (Happiness)
- အကောင်းမြင်ဝါဒ (Positivity)
- နွေးထွေးမှု (Warmth)
INDUSTRIES
- အစားအသောက်လုပ်ငန်း
- အားကစား
- သယ်ယူပို့ဆောင်ရေး
- ခရီးသွားလုပ်ငန်း
- ဇိမ်ခံပစ္စည်းများ
အစိမ်းနုရောင်
အစိမ်းနုရောင်ကိုတော့ စွမ်းအင်ပြန်လည်ရရှိတဲ့အခါ၊ ကြီးထွားဖွံ့ဖြိုးတိုးတက်စေတဲ့အခါ၊ သဘာဝ ဆန်တဲ့အခါ၊ ပြန်လည်နုပျိုစေတဲ့အခါမျိုးတွေမှာ အသုံးပြုပါတယ်။
EMOTIONS
- ကြီးထွားဖွံ့ဖြိုးတိုးတက်မှု (Growth)
- သဟဇာတ ဖြစ်မှု (Harmony)
- မွေးဖွားမှု (Fertility)
- ကြင်နာမှု ( Kindness)
- မှီခိုအားထားနိုင်မှု (Dependability)
INDUSTRIES
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ
- ဇိမ်ခံပစ္စည်းများ
- ပညာရေး
- Entertainment
- စွမ်းအင်အစားထိုး လုပ်ငန်းများ
အစိမ်းရင့်ရောင်
အစိမ်းရင့်ရောင်ကိုတော့ အပန်းဖြေတဲ့အခါ၊ သင့်တင့်မျှတတဲ့အခါ၊ ပြန်လည်အသက်အသွင်းတဲ့အခါ၊ ပိုင်ဆိုင်မှုကို ဖော်ပြတဲ့အခါ၊ အားပေးတဲ့အခါတွေမှာ သုံးပါတယ်။
EMOTIONS
- ဘေးကင်းလုံခြုံမှု (Safety)
- သဟဇာတဖြစ်မှု(Harmony)
- ယုံကြည်စိတ်ချရမှု(Reliability)
- ညီမျှမှု(Balance)
- တည်ငြိမ်မှု (Stability)
INDUSTRIES
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ
- ဘဏ်လုပ်ငန်းများ
- အိမ်ခြံမြေလုပ်ငန်းများ
- မွေးမြူရေးလုပ်ငန်းများ
- ပရဟိတ လုပ်ငန်းများ
အပြာနုရောင်
အပြာနုရောင်ကတော့ ယုံကြည်မှုကို အတုယူတဲ့အခါ ၊ ဆွဲဆောင်တဲ့အခါ၊၊ productivity ကိုလှုံ့ဆော်တဲ့အခါ၊ အတိအကျ အကြံပြုတဲ့အခါ၊ ဆက်သွယ်ပြောဆိုဆက်ဆံတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။
EMOTIONS
- လွတ်လပ်မှု(Freedom)
- ယုံကြည်စိတ်ချရမှု (Trustworthy)
- မိမိကိုယ်ကိုယ် ထုတ်ဖော်မှု(Self Expression)
- အမြော်အမြင်ရှိမှု (Wisdom)
- ဝမ်းမြောက်မှု (Joy)
INDUSTRIES
- Entertainment
- ဆက်သွယ်ရေးလုပ်ငန်းများ
- ကလေးအသုံးအဆောင်ပစ္စည်းများ
- နည်းပညာလုပ်ငန်းများ
- အာကာသယာဉ်ဆိုင်ရာလုပ်ငန်းများ
အပြာရင့်ရောင်
အပြာရင့်ရောင်ကိုတော့ စိတ်ဖိစီးမှုတွေကို လျှော့ချတဲ့အခါ၊ စိတ်တည်ငြိမ်မှုအောင် လုပ်ဆောင်တဲ့အခါ၊ အပန်းဖြေတဲ့အခါ၊ လုံခြုံမှုကိုဖော်ပြတဲ့အခါ၊ အမိန့်ထုတ်ပြန်တဲ့အခါတွေမှာ အသုံးပြုပါတယ်။
EMOTIONS
- ယုံကြည်မှု (Trust)
- တာဝန်ယူမှု၊ တာဝန်ခံမှု (Responsibility)
- ရိုးသားမှု (Honest)
- သစ္စာရှိမှု (Loyalty)
- ကိုယ်စိတ်လုံခြုံမှု(Inner Security)
INDUSTRIES
- လုံခြုံရေးဆိုင်ရာလုပ်ငန်းများ
- စာရင်းအင်းဆိုင်ရာလုပ်ငန်းများ
- နည်းပညာလုပ်ငန်းများ
- ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
- ဘဏ္ဍာရေး ရေးဆိုင်ရာလုပ်ငန်းများ
ခရမ်းရောင်
တီထွင်ဖန်တီးမှုကို အားပေးတဲ့အခါ၊ အတုယူတဲ့အခါ၊ ညဏ်ပညာနဲ့ စွမ်းအားကို ပေါင်းစည်းတဲ့အခါ၊ ပင်ကိုယ်စွမ်းရည်ကို ဖော်ပြတဲ့အခါ အသုံးပြုပါတယ်။
EMOTIONS
- စိတ်ကူးယဉ်ဆန်မှု(Imagination)
- ဝိညာဉ်ရေးရာ (Spirituality)
- သနားကြင်နာမှု (Compassion)
- အာရုံခံစားမှု(Sensitivity)
- လျှို့ဝှက်ဆန်းကြယ် (Mystery)
INDUSTRIES
- လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ
- စိတ်ပညာ
- ယုံကြည်ကိုးကွယ်မှု
ပန်းရောင်
ပန်းရောင်ကိုတော့ စွမ်းအင်တွေ ပေါင်းစည်းတဲ့အခါ၊ သွေးခုန်နှုန်းတိုးတဲ့အခါ၊ လုပ်ဆောင်ချက်တစ်ခုခုကို လှုံ့ဆော်တဲ့အခါ၊ ဆွဲဆောင်တဲ့အခါ၊ တီထွင်ဖန်တီးမှုတွေကို လှုံ့ဆော်တဲ့အခါ အသုံးပြုပါတယ်။
EMOTIONS
- သနားကြင်နာမှု( Compassion)
- အချစ်(Love)
- မရင့်ကျက်မှု(Immature)
- လေးစားမြတ်နိုးမှု(Admiration)
- မိန်းမပီသမှု (Femininity)
INDUSTRIES
- ကလေးအသုံးအဆောင်ပစ္စည်းများ
- အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ
- Fashion
- အလှအပဆိုင်ရာ
အညိုရောင်
တည်ငြိမ်မှုကိုဖော်ပြတဲ့အခါ ၊ ဘုံသဘောကို ရည်ညွှန်းတဲ့အခါ၊ ခံစားချက်တွေကို ဖော်ပြတဲ့အခါ အညိုရောင်ကိုအသုံးပြုပါတယ်။
EMOTIONS
- ယုံကြည်စိတ်ချရမှု(Reliability)
- တည်ငြိမ်မှု (Stability)
- ရိုးသားမှု ( Honesty)
- နှစ်သိမ့်မှု ( Comfort)
- သဘာဝကျမှု ( Natural)
INDUSTRIES
- စိုက်ပျိုးရေးလုပ်ငန်းများ
- ဆောက်လုပ်ရေးလုပ်ငန်းများ
- စားသောက်ကုန်လုပ်ငန်းများ
- သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
- တရားဥပဒေဆိုင်ရာလုပ်ငန်းများ
မီးခိုးရောင်
စိတ်တည်ငြိမ်မှုကို ဖန်တီးတဲ့အခါ၊ စိတ်ဓါတ်ကျဆင်းမှုကို ဖော်ပြတဲ့အခါ၊ ရင့်ကျက်မှုကို ဖော်ပြတဲ့အခါတွေမှာ မီးခိုးရောင်ကို သုံးပါတယ်။
EMOTIONS
- ကြားနေဝါဒ (Neutral)
- လက်တွေ့ကျမှု
- ရှေးရိုးဆန်မှု (Conservative)
- ပုံစံကျမှု ( Formal)
- တိတ်ဆိတ်မှု (Quiet)
INDUSTRIES
- နယ်ပယ်အားလုံးအတွက် အသုံးပြုနိုင်ပေမယ့် အခြားအရောင်တွေနဲ့ တွဲသုံးလေ့ရှိပါတယ်။
အနက်ရောင်
ခံစားချက်တွေကို ဖုံးကွယ်တဲ့အခါ၊ ခြောက်လှန့်တဲ့အခါ၊ အာဏာပြတဲ့အခါ၊ အကြောက်တရားတွေကို ဖော်ပြတဲ့အခါ အနက်ရောင်ကို အသုံးပြုပါတယ်။
EMOTIONS
- စွမ်းအား (Power)
- လုပ်ပိုင်ခွင့် (Authority)
- စည်းမျဉ်းစည်းကမ်း (Disciplane)
- ကျက်သရေရှိပြီ (Elegance)
INDUSTRIES
- နယ်ပယ်အားလုံးအတွက် အသုံးပြုနိုင်ပေမယ့် အခြားအရောင်တွေနဲ့ တွဲသုံးလေ့ရှိပါတယ်။
လုပ်ငန်းတိုင်းအတွက် Facebook ပဲလိုလို Website ပဲလိုလို Digital Dots ကအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
အသေးစိတ် ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်တော့
Digital Dots Creative Agency
09 8989 460 15, 09 8989 460 45
Email: support@digitaldots.com.mm
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Recent Posts
- YouTube Introduces 'Members Only Shorts' to Boost Creator Subscriptions
- The Return of Pokes A Nostalgic Revival on Facebook
- Social Platform Image Size Requirements in 2024 A Comprehensive Guide
- Understanding Social Media Platform Performance Engagement Per Post
- TikTok Provides Creative Strategy Tips
- Instagram's New Frontier Testing Carousel Posts
- Mastering Social Media Marketing with AI
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.